မုဒုံ ဧပြီ ၁၆
၁၃၈၃ ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကစားမဏ္ဍပ်ငယ်များ၌ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။
နှစ်သစ်ကူးမဟာသင်္ကြန် အချိန်ကာလတွင် တန်ခိုးကြီးဘုရားစေတီများနှင့် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ တရားစခန်းများတွင် တရားဘာဝနာ အားထုတ်ကြသူများ၊ အတာရေကစားကြသူများ၊ ရေပက်ခံထွက်သူများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာကောင်းများကို ထိန်းသိမ်းကာ အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိ ကြသည်။
အောင်မျိုးသူ(ပြန်/ဆက်)