ကျောက်ဖြူ ဧပြီ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပင်လယ်ကမ်းခြေသို့ မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်များ၌ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ အဆိုပါ ကမ်းခြေတစ်လျှောက် ရေကစားသူများ၊ အပန်းဖြေအနားယူသူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်ကာလပိတ်ရက်ရှည်များ၌ အပန်းဖြေလာရောက်ကြသူအများစုမှာ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ ပြည်သူများ၊ ရန်ကုန်၊ မန္တလေးမှ ဧည့်သည်များနှင့် ပြည်ပမှ ခရီးသွားဧည့်သည်များဖြစ်ပြီး အဆိုပါကမ်းခြေတစ်လျှောက်တွင် ဘောလုံးကန်ကြသူများ၊ ရေကူးကြသူများ၊ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ကြသူများ၊ ဓာတ်ပုံမှတ်တမ်းဗီဒီယို ရိုက်ကူးကြသူများ၊ ရေဆော့ကစားကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အဆိုပါကျောက်ဖြူပင်လယ်ကမ်းခြေတွင် ဒေသခံပြည်သူများမှာ နံနက်စောစောထ လမ်းလျှောက်ခြင်း၊ ကျန်းမာရေးအားကစားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ညနေပိုင်းတွင်လူငယ်များ သဲသောင်ပြင်တွင် ဘောလုံးကန်ခြင်း၊ ရေကူးခြင်း၊ စွန်လွှတ်ခြင်းတို့အပြင် မိသားစုအပန်းဖြေရာနေရာ တစ်ခုလည်းဖြစ်ရာ ယခုအခါ မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များဖြစ်၍ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိပြီး အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)