ပုသိမ် ၂၃ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အဝါရောင်မျိုးဆက်သစ် ပရဟိတအသင်း၊ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်း၊ ပုသိမ်ဌာနခွဲ(ရွာသစ်ကုန်း) တွင် ယနေ့နံနက် (၈)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကျောင်းခြံဝန်းအတွင်းရှိ စွန့်ပစ်အမှိုက်ကန်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းဝန်းအတွင်း အမှိုက်ကန်၌ စွန့်ပစ်ထားသည့် အမှိုက်များအား ကျောင်းသား၊ကျောင်းသူ (၁၁)ဦးက စုပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စွန့်ပစ်အမှိုက်များမှ ဘေးထွက်ဆိုးကျိုးများကြောင့် အများပြည်သူ ကျန်းမားရေး မထိခိုက်စေရေး၊ လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ စုပေါင်းဆောင်ရွက်ရာမှ တစ်ဆင့် မိမိတို့ကျောင်းရှိကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း ဖြစ်ကြောင်း ဉီးဆောင် ဆရာတော် ဉီးစန္ဒါဝရ ထံမှ သိရသည်။
တိုးဝေဇင်(ပုသိမ်)


