ပုသိမ်  ၂၃   နိုဝင်ဘာ

 

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့ရှိ အဝါ​ရောင်မျိုးဆက်သစ် ပရဟိတအသင်း၊ မိဘမဲ့က​လေးများ ​စောင့်​ရှောက်​ရေး​ကျောင်း၊ ပုသိမ်ဌာနခွဲ(ရွာသစ်ကုန်း) တွင် ယ​​နေ့နံနက် (၈)နာရီအချိန်က ကျောင်းသား၊​ ကျောင်းသူများ စု​ပေါင်း၍ ​ကျောင်းခြံဝန်းအတွင်းရှိ စွန့်ပစ်အမှိုက်ကန်၌ စုပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်ခဲ့ကြသည်။

 

​ကျောင်းဝန်းအတွင်း အမှိုက်ကန်၌ စွန့်ပစ်ထားသည့် အမှိုက်များအား ​ကျောင်းသား၊​ကျောင်းသူ (၁၁)ဦးက စု​ပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်​ကြောင်း၊ စွန့်ပစ်အမှိုက်များမှ ​ဘေးထွက်ဆိုးကျိုးများ​ကြောင့် အများပြည်သူ ကျန်းမား​ရေး မထိခိုက်​စေ​ရေး၊ ​လေထုညစ်ညမ်းမှု မဖြစ်​ပေါ်​စေ​ရေး ရည်ရွယ်​ဆောင်ရွက်ခြင်း ဖြစ်​ကြောင်း၊ ယခုကဲ့သို့ ​စု​ပေါင်းဆောင်ရွက်ရာမှ တစ်ဆင့် မိမိတို့​ကျောင်းရှိကျောင်းသား၊​ ကျောင်းသူများအ​နေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ပူး​ပေါင်းပါဝင် ​ဆောင်ရွက်တတ်​စေရန် ​လေ့ကျင့်ပျိုး​ထောင်​ပေးခြင်း ဖြစ်​ကြောင်း ဉီးဆောင် ဆရာ​တော် ဉီးစန္ဒါဝရ ထံမှ သိရသည်။

 

တိုး​ဝေဇင်(ပုသိမ်)