ဟားခါး ၂၆ ဇူလိုင်
စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် ကျောင်းသား/ကျောင်းသူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး ရည်ရွယ်လျက် ဟားခါးမြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ကျောဘုတ်)တွင် မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းဦးဆောင်သည့် တပ်ဖွဲ့ဝင်(၅)ဦးတို့မှ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြမှု ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောသရုပ်ပြမှုတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြသပေးခြင်းနှင့်အတူ အသက်အန္တရာယ်ကင်းဝေးစေရေးအတွက် အသက်ကယ်ဝတ်စုံ (Life Jackets) ဝတ်ဆင်အသုံးပြုရေးနှင့် မီးသတ်ဆေးဘူးထားရှိရေးအတွက် ရိုက်ကူးထားသော (ရေခဲလူသား) ပညာပေးဗီဒီယိုပြသပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
လက်တွေ့သရုပ်ပြသရာတွင် 2kg မီးသတ်ဆေးဘူး(၂)ဘူးဖြင့် လက်တွေ့ပြသခဲ့ပြီး အဆိုပါ ပညာပေးဟောပြောသရုပ်ပြသမှုကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်းအင်အား(၁၀ဝ) ကျော် တက်ရောက်ခဲ့ကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။
MDN


