ထန်တလန် ၉ မေ
ချင်းပြည်နယ် ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက်တွင် မေလ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်က လူနေအိမ်တစ်လုံး နှင့် မွှန်လီပီးကျေးရွာ၌ ည ၁၂ နာရီအချိန်က လူနေအိမ် သုံးလုံး မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်အိမ်ထောင်စုလေးစုမှ ဘေးသင့်ပြည်သူ ၂၆ ဦးတို့ အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ်နှစ်သိန်းစီနှင့် လူ့အသုံးအဆောင်ပစ္စည်း(၁၈)မျိုးကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက် ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်အောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းလွင်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရွှေကျုံးလျန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ် ပြန်/ဆက်