ရန်ကုန်  ၁၉  မေ 

 

ကြည်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်၊ တော်ဝင်လမ်းတွင် ဧပြီ  ၁၁  ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် နေအိမ်ဆုံးရှုံးခံရသည့် အရန်မီးသတ်တပ်ဖွဲ့မှ ဒုတိယတပ်ခွဲမှူး ဦးအောင်ဝင်း အတွက် ရန်ကုန်တိုင်းဒေသကြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ သာရေးနာရေးလူမှုကူညီရေး အသင်းဝင်များက မေ  ၁၂  ရက်နေ့က သွားရောက်ပေးအပ်ကြသည်။

 

ထပ်မံ၍ နေအိမ်မီးလောင်မှုတွင် ပါဝင်သည့် မောင်ဝင်းထက်အောင်  (သတ္တမတန်းကျောင်းသား) အလက (၃) အလတ်ချောင်းရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်အတွက် ပညာသင်ထောက်ပံကြေး ငွေကျပ်ငါးသောင်းကို လသာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ ဒုတိယတပ်ရင်းမှူး ရဲကျော်စွာအောင်လှ ကပေးအပ်လှူဒါန်းကြောင်း သိရှိရသည်။

 

အောင်သူရ