နေပြည်တော် ၂၄ ဩဂုတ်


ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အရာထမ်းများအား ဆွေးနွေးသင်ကြားပို့ချပေးလျက်ရှိသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၃)နာရီခွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားခေါင်းဆောင်ထံ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။


အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဦးစီးအရာရှိ (၃၇)ဦးတို့ တက်ရောက်ကြပြီး သင်တန်းတွင် သတင်းရေးသားခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ သတင်းအချက်အလက်များ ရှာဖွေစုဆောင်းခြင်း၊ ဆန်းစစ်သိမ်းဆည်းခြင်း၊ မျှဝေခြင်း၊ မီဒီယာများကို ဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း စသည့် သတင်းမီဒီယာဆိုင်ရာ ဗဟုတများအပြင် ရွေးကောက်ပွဲဆိုင်ရာသိနားလည်မှု စသည့်အကြောင်းအရာများကို ဩဂုတ် ၁၉ ရက်မှ ၂၄ ရက်အထိ ဆွေးနွေးသင်ကြား ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


ရွှေကုက္ကို

 

1