နေပြည်တော်    ၂၂   သြဂုတ်   

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ကြီးမှူးဖွင့်လှစ်လျက်ရှိသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၃)၌ ရွေးကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်၍  ယနေ့နံနက်ပိုင်းက ဆွေးနွေးပို့ချကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးပို့ချရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ရွေးကောက်ပွဲခုံရုံးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရမည်ဟူသော စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းဆွေးနွေးပို့ချရာ သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည့်များ မေးမြန်းဆွေးနွေးမှုအပေါ် ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်ဦးစီးအရာရှိ ၃၇ ဦး တက်ရောက်လျက်ရှိပြီး သတင်းရေးသား ထုတ်ပြန်ခြင်းအပြင် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media  and  Information  Literacy- MIL)၊ ရွေးကောက်ပွဲဆိုင်ရာ သိနားလည်မှု (Electoral Literacy)၊ ဒစ်ဂျစ်တယ်ပညာ သိနားလည်မှု (Digital Literacy) စသည့် ဘာသာရပ်များအား ကျွမ်းကျင်သည့် သင်တန်းဆရာများက ဩဂုတ် ၁၉ ရက်မှ ၂၄ ရက်အထိ  ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

ကိုမျိုး(ပြန်/ဆက်)