တောင်ကြီး၊ ၂ ဒီဇင်ဘာ
ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ကျင်းပသော ရှမ်းပြည်နယ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့နှင့် နိုင်ငံအတွင်း မီးခိုးမြူငွေ့များမဖြစ်ပေါ်စေရေးအတွက် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက် (မူကြမ်း) အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အွန်လိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အွန်လိုင်း အစည်းအဝေးတွင် ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ရှမ်းပြည်နယ်ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးက ရှမ်းပြည်နယ်အတွင်း နယ်စပ်ဖြတ် ကျော်မီးခိုးမြူငွေ့နှင့် နိုင်ငံအတွင်း မီးခိုးမြူငွေ့များ မဖြစ်ပေါ်စေရေးအတွက် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း စီမံချက်(မူကြမ်း)ကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါအစည်းအဝေးကို ရှမ်းပြည်နယ် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ရှမ်းပြည်နယ် ခရိုင် အသီးသီးမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


