ကျိုက်မရော ၁၄ မေ
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ပူပြင်းသော နွေရာသီကာလတွင်ရေတွင်းရေကန်များ ခန်းခြောက်ကာ သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယမန်နေ့ညနေပိုင်းက ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းတင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေအခက်အခဲကြုံနေသော မုဆိုးကျွန်းကျေးရွာအုပ်စု တကူဂလုံကျေးရွာနှင့် ကော့ခလိန်ကျေးရွာအုပ်စုရှိ အိမ်ထောင်စုပေါင်း ၁၉၀ ကျော်တို့အား မီးသတ်ရေသည်ယာဉ် ၂ စီး၊ ကျေးရွာပိုင်ရေသည်ယာဉ် ၂စီးတို့ဖြင့် ရေဂါလန်ပေါင်း ၂၆၀၀ ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)


