ကျိုက်မ​ရော    ၁၄    ​မေ 

မော်လမြိုင်ခရိုင် ကျိုက်မ​ရောမြို့နယ်အတွင်းရှိ ​ကျေးရွာအချို့၌ ပူပြင်း​​သော ​နွေရာသီကာလတွင်​ရေတွင်း​ရေကန်များ ခန်း​ခြောက်ကာ ​သောက်သုံး​ရေပြတ်လပ်မှုများ ဖြစ်​​ပေါ်​နေသည့်အတွက် ယမန်​နေ့ည​နေပိုင်းက ကျိုက်မ​ရောမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းတင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေအခက်အခဲကြုံ​နေ​သော မုဆိုးကျွန်း​ကျေးရွာအုပ်စု တကူဂလုံ​ကျေးရွာနှင့်​ ကော့ခလိန်​ကျေးရွာအုပ်စုရှိ အိမ်​ထောင်စုပေါင်း ၁၉၀  ​ကျော်တို့အား မီးသတ်​ရေသည်ယာဉ် ၂ စီး၊ ​ကျေးရွာပိုင်​ရေသည်ယာဉ် ၂စီးတို့ဖြင့်​ ရေဂါလန်ပေါင်း ၂၆၀၀ ကို လှူဒါန်း​ပေးခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်​ထွေး(ကျိုက်မ​ရော)