နိုဝင်ဘာ ၁၀

အမေရိကန် အိုင်တီကုမ္ပဏီ မီတာ(ဖေ့ဘွတ်ခ်နှင့်အင်စတာဂရမ်တို့ကိုပိုင်ဆိုင်သော)၏ စီအီးအို မတ်ခ်ဇူကာဘတ်က ယင်းကုမ္ပဏီဝန်ထမ်းအားလုံး၏ ၁၃ ရာခိုင်နှုန်းဖြစ်သည့် ဝန်ထမ်းဦးရေ ၁၁၀၀၀ ကျော်ကို လျှော့ချသွားမည်ဖြစ်ကြောင်း ထိုကုမ္ပဏီ၏ဝက်ဘ်ဆိုက်တွင် ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ပြိုင်ဆိုင်မှုများမြင့်တက်ခြင်း၊ ကြော်ငြာရောင်းအားများကျဆင်းခြင်းနှင့် စီးပွားရေးကျဆင်းလာခြင်းကြောင့် ယခုကဲ့သို့ဝန်ထမ်းများ လျှော့ချရခြင်းဖြစ်သည်ဟု သိရသည်။

ဇူကာဘတ်က ၎င်း၏ကုမ္ပဏီတွင် လာမည့်နှစ်မတ်လအထိ ဝန်ထမ်းအသစ်ခန့်ထားခြင်းပြုမည်မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ကြေညာထားသည်။

ကုမ္ပဏီစတင်တည်ထောင်သည့် ၂၀၀၄ ခုနှစ်နောက်ပိုင်း နှစ်စဉ် ဝန်ထမ်းအင်အားအတိုးပဲရှိရာမှ ဝန်ထမ်းဦးရေ လျှော့ချခြင်းသည် ပထမဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

ပြိုင်ဘက်တွစ်တာ၏စီအီးအိုအသစ် အီလွန်မက်ခ်က ထိုဆိုရှယ်မီဒီယာကိုလက်လွှဲယူပြီးနောက်ပိုင်း ဝန်ထမ်းအင်အား ထက်ဝက်လျှော့ချခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို