ရန်ကုန် ၂၅ သြဂုတ်


ရန်ကုန်တိုင်းဒေသကြီးတွင် ပန်းပဲတန်းနှင့် ဒေါပုံမြို့နယ် နှစ်မြို့နယ်အား လျှပ်စစ်မီတာများ တပ်ဆင်ပေးခဲ့ပြီး သုံးစွဲသောမီတာယူနစ်ကို မိမိအသုံးပြုသော မိုဘိုင်းဖုန်းဖြင့် သုံးစွဲသောယူနစ်ကို အချိန်အခါမရွေးကြည့်ရှုနိုင်ကာ ကျသင့်သောငွေကိုလည်း ဖုန်းမှတစ်ဆင့် ဘဏ်အကောင့်အတွင်းသို့ ငွေသွင်းနိုင်သော စနစ်အား Ever Meter Co.,Ltd.မှ ဝန်ဆောင်မှုပေးနေကြောင်း ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ပန်ပစိဖိတ် ဟိုတည်တွင် ကျင်းပသည့် မီဒီယာရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။


“ဒေါပုံနဲ့ ပန်းပဲတန်းမြို့နယ်မှာ တပ်ဆင်ထားတဲ့ မီတာတစ်လုံးပေါ်မှာ ဆက်သွယ်ရေးကွန်ရက်အပါအဝင် ကေဘယ်လ်ကြိုးတွေ အပါ မီတာတစ်လုံးအပေါ်မှာ မီတာဝန်ဆောင်ခကျပ်(၁)ထောင်ပဲ ကျပါတယ်။ မီတာယူနစ်ဖတ်တာကို ကြိုက်တဲ့အချိန် မိမိသုံးထားတဲ့ ယူနစ်ဘယ်လောက်ရှိတယ် ဆိုတာမိမိဖုန်းကနေ ငွေကို အော်တိုတွက်တဲ့ စနစ်ကြည့်လို့ရတယ်။ တန်းစီပြီး မီတာသွားဆောင်စရာ မလိုတော့ပါဘူး။ ခလုတ်နှိပ်တာနဲ့ ဘဏ်ထဲကို အကောင့်ထဲကို ဝင်သွားတဲ့စနစ်ကို အသုံးပြုထားပါတယ်။ ကျပ်တစ်ထောင် ဝန်ဆောင်မှုနဲ့ ဆောင်ရွက်ပေးထားတာပါ။ ဒီစနစ်ကိုမြို့နယ်နှစ်ခုမှာ အသုံးပြုတာ(၂)နှစ်ရှိပါပြီ” ဟု Ever Meter Co.,Ltd.မှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။


 Ever Meter Co.,Ltd ကို အများပိုင်ကုမ္ပဏီအဖြစ် ဆောင်ရွက်လျာထားပြီး မြန်မာနိုင်ငံတွင် လျှပ်စစ်ပညာကျွမ်းကျင်သူများကိုမွေးထုတ်နိုင်ရန် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတတ္က္ကသိုလ်မှ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိုအများပိုင်ကုမ္ပဏီတွင် အက်ပလီကေရှင်းနှင့် ဆော့ဖ်ဝဲများ ဖန်တီးနိုင်သော အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို ကျောင်းများမှဆရာ၊ ဆရာမများနှင့် လုပ်ငန်းခွင်ဝင်ရောက်သည့် ကျောင်းသား၊ ကျောင်းသူတို့ကို အများပိုင် ကုမ္ပဏီတွင် ရှယ်ယာထည့် ဝင်နိုင်ပြီး ကုမ္ပဏီမှ ရှယ်ယာများကို ထုတ်ရောင်းရန် စီစဉ်ထားရှိကြောင်း မန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးအောင်က အဆိုပါအခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။


 မြန်မာပြည်တွင် မီတာစနစ်လေးမျိုးကို အသုံးပြုလျှက်ရှိပြီး ကျေးလက်သုံး မီတာ၊မြို့ငယ်သုံး မီတာ၊ မြို့ကြီးသုံးမီတာနှင့် ပါဝါမီတာဟူ၍ အသုံးပြုလျက်ရှိသည်။ 


ဒေါပုံနှင့် ပန်းပဲတန်းမြို့နယ်တွင် တပ်ဆင်ခဲ့သော မီတာများမှာ (၂၀၁၇) ခုနှစ်၊ သြဂုတ် ၂၁ ရက်နေ့တွင် စတင်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး မီတာဖတ်ရန်မလိုပဲသုံးစွဲမှုကို ဖုန်းမှတစ်ဆင့်ငွေချေသော စနစ်ကိုစ တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ မီတာအသုံးပြုနိုင်ရန် ကုန်ကျမှုတို့ကို ကုမ္ပဏီမှ ကျခံခဲ့၍ ဝန်ဆောင်ခအဖြစ် လစဉ် ငွေကျပ်(၁)ထောင်ကို မီတာသုံးစွဲသူမှ ပေးဆောင်ရခြင်း ဖြစ်သည်။ 

 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာ၌ Ever Meter Co.,Ltd အနေ ဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ကုမ္ပဏီကြီး ခြောက်ခုအားလျှပ်စ စ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အားသည် အရေးကြီးသောကြောင့် မူဝါဒခိုင်မာရန် ပြည်တွင်းပြည်ပမှ ပညာရှင်များဖြင့် ဖိုရမ်တစ်ခု ကျင်းပဆွေးနွေးခြင်းဖြင့် နှစ်စဉ်လျှပ်စစ်ဓာတ်အား ဆုံးရှုံးမှုကို အဖြေတစ်ခု ရရှိမည်ဖြစ်ကြောင်း ယနေ့ကျင်းပသော အခမ်းအနားမှ သိရသည်။


သန်းထိုက်


ဓာတ်ပုံ - သန်းစိုး   

 

 Ever Met