မြိတ် ၁၂ မေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိ်တ်မြို့ ဆိပ်ငယ်ဈေးကြီး၌ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ဈေးသူ ဈေးသားများက ယနေ့ နံနက် ၇ နာရီတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ဈေးအတွင်းအပြင် ရေမြောင်းများအတွင်းရှိ နုန်းမြေများ တူးဖော်သယ်ယူခြင်း၊ ရေဆိုးရေညစ်များ ဖယ်ရှားခြင်း၊ ခြင်၊ ယင်၊ ကြွက်များမရှိစေရန် ဈေးအတွင်း လူသွားလမ်းတစ်လျှောက်ရှိ ရေဆိုးများ ဝိုင်းဝန်းရှင်းလင်းခြင်း၊ ကုန်စိမ်းတန်းများတွင် ရေဆိုးရေညစ်များ မရှိစေရန်နှင့် ရေဆိုးထုတ်မြောင်းများ မပိတ်ဆို့စေရေး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆိပ်ငယ်ဈေးကြီးသည် မြို့၏အဓိက ပင်မဈေးကြီးတစ်ခုဖြစ်ပြီး အဓိက ကုန်အရောင်းအဝယ်ဈေးကြီး ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများထားရှိမှု၊ ဈေးလုံခြုံရေး အခြေအနေ၊ ဈေးအတွင်းအပြင် သန့်ရှင်းလှပရေးတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးနိုင်(ပြန်/ဆက်)