မြိတ်   ၇   နိုဝင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စာပေဟောပြောပွဲကို နိုဝင်ဘာလ(၆)ရက် ည(၇)နာရီက ပုလဲ ရတနာခန်းမတွင် ကျင်းပခဲ့ရာ ကဗျာဆရာတစ်ဦးနှင့် စာရေးဆရာမနှစ်ဦးတို့မှ စာပေချစ်သူ ပြည်သူများအား ဟောပြောခဲ့ကြသည်။ 

 

၂

 

စာပေဟောပြောပွဲတွင် ကဗျာဆရာ ဆရာစောဝေက “ချစ်စရာကောင်းသော စကားလုံး များခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ မိချမ်းဝေ က “ ပင်လယ်ရဲ့ အတွင်းသားကို ဖွင့်ဖတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ  မသီတာ( စမ်းချောင်း ) က “ သင်ကံကောင်းပါစေ ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟော ပြောခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )