မြိတ် ၇ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စာပေဟောပြောပွဲကို နိုဝင်ဘာလ(၆)ရက် ည(၇)နာရီက ပုလဲ ရတနာခန်းမတွင် ကျင်းပခဲ့ရာ ကဗျာဆရာတစ်ဦးနှင့် စာရေးဆရာမနှစ်ဦးတို့မှ စာပေချစ်သူ ပြည်သူများအား ဟောပြောခဲ့ကြသည်။
စာပေဟောပြောပွဲတွင် ကဗျာဆရာ ဆရာစောဝေက “ချစ်စရာကောင်းသော စကားလုံး များ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာမ မိချမ်းဝေ က “ ပင်လယ်ရဲ့ အတွင်းသားကို ဖွင့်ဖတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မသီတာ( စမ်းချောင်း ) က “ သင်ကံကောင်းပါစေ ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟော ပြောခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


