မြိတ် ဇူလိုင် ၂၃

 

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇူလိုင် ၂၃ ရက်​က ရွှေပေးကျေးရွာ အထက(ခွဲ) ရွှေပေးကျောင်း၌ ကျင်းပသည်။

 

အသိပညာ​ပေး ​ဟော​ပြောရာတွင် မြိတ်မြို့နယ်သစ်​တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အ​ကြောင်းအရာများနှင့် တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မိုးရာသီ သစ်ပင်စိုက်ပျိုး‌ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ‌ကို ဟောပြောကြသည်။

ခိုင်ထူး(ပြန်/ဆက်)