မြိတ် ဇူလိုင် ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက်က ရွှေပေးကျေးရွာ အထက(ခွဲ) ရွှေပေးကျောင်း၌ ကျင်းပသည်။
အသိပညာပေး ဟောပြောရာတွင် မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများနှင့် တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မိုးရာသီ သစ်ပင်စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောကြသည်။
ခိုင်ထူး(ပြန်/ဆက်)


