မြိတ် ၂၀  မေ  


    
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မေလ ၁၉ ရက် နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

dfe


    
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တုံးဗျောကျေးရွာအုပ်စု တုံးဗျော ကြီးကျေးရွာသို့သွားရောက်၍ အမကကျောင်းတွင် ဒေသခံများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။


    
ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးက ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှုအား ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူနှင့် ဒေသခံပြည်သူများမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာလိုအပ်ချက်များ ရှင်းလင်း တင်ပြကြရာ ဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။

 

ewe


     
ဆက်လက်၍ ဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကြေးနန်းတိုင် - တောင်ရှည် - ကသာရိုင် -နန်းတော်ရာ ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ တိုင်းဒေသကြီး ဘဏ္ဍာရေး ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိ သည့် တောင်ရှည်တံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

တောင်ရှည် ချောင်းကူးတံတားသည် အရှည်(၂၉၅)ပေ အကျယ်(၁၈)ပေရှိပြီး တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်းပေါင်း (၁၀၅၀) ဖြင့် ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်၊ သံကူကွန်ကရစ် ယက္မ ကြမ်းခင်းအမျိုးအစားဖြင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၉)မှ တည်ဆောက် လျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )