မြိတ် ၃၀ ဇွန် 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စု ကျောက်ဖျာကျေးရွာ၌ ဇွန် ၃၀ ရက် နံနက် ၃ နာရီခွဲခန့်က မိုးသည်းထန်းစွာရွာသွန်မှုကြောင့် မြေပြိုကျ၍ လူနေအိမ်အချို့ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာ၌ ဇွန် ၃၀ ရက် နံနက် ၃ နာရီခွဲခန့်က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ဦးခင်မြင့် (၃၁) နှစ်၊ (ဘ) ဦးနေထွန်း၏ နေအိမ်နောက်ဖက်ရှိ တောင်ကမ်းပါးယံမှ ၁၂ ပေခန့် မြေပြိုကျမှုကြောင့် နေအိမ်အား ပိမိခဲ့ရာမှ နေအိမ် ယိမ်းယိုင်ပျက်စီးသွားခဲ့ပြီး ဦးငွေလှိုင်(၆၆)နှစ်၊ (ဘ)ဦးဖေအင်၏ နေအိမ်နံဘေးခန်းမှာလည်း ပျက်စီးသွားကာ လူ နှင့် တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။ 

 

မြေပြိုကျမှု ဖြစ်ပွားရာသို့ နယ်မြေရဲကင်းမှ တပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)