မြိတ်  ၃၀  ဇွန်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၇  နာရီခွဲက မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ပြီး ယောဂကျင့်စဉ် အကျိုးတရာများ ရှင်းလင်းပြီး ယောဂကျင့်စဉ် သရုပ်ပြကာ တက်ရောက်လာကြသူများ ယောဂကျင့်စဉ် စုပေါင်း ဆောင်ရွက်ခဲ့သည်။

 

0019

 

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမြတ်ကိုကို က အမှာစကားပြောကြား ခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ တနင်္သာရီတိုင်းဒေသကြီး အဖွဲ့(ခွဲ)ခေါင်းဆောင် ဦးအောင်နိုင်ဦး က ယောဂကျင့်စဉ်ဖြစ်ပေါ်လာပုံနှင့် ယောဂသမိုင်းကြောင်းအား ရှင်းလင်းပြောကြားသည်။ 

ထိုနောက် မန္တလေးမှ ယောဂဆရာကြီး ဦးလှညွန့် က ယောဂကျင့်စဉ်၏  အကျိုးတရားများရှင်းလင်း ပြောကြားပြီး ယောဂကျင့်စဉ်ကို စိတ်ပါဝင်စားပြီး ကျန်းမာရေးဆိုင်ရာ လေ့လာလိုက်စားသူ လူကြီး လူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေး များ၊ မြိတ်မြို့မှ Myint Zu ယောဂ ၊ ထားဝယ်မြို့မှ KK ယောဂ တို့မှ သရုပ်ပြသခဲ့ကြပြီး Myint Zu ယောဂ မှ ဆရာမ ဒေးရှင်ဌေး က ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )