မြိတ် ၁၂ ဇူလိုင်
ကျေးလက်နေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ နန်းတော်ရာကျေးရွာအုပ်စု၊ နန်းတော်ရာကျေးရွာတွင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင်စီမံကိန်းချေးငွေ အတိုးအရင်းပေါင်းငွေကျပ် (၄၄၄)သိန်းရယူ၍ လုပ်ငန်းများ ဆောင်ရွက်နေမှု များကို မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှူ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှူ စစ်ဆေးရာတွင်ကျေးရွာများအား မြစိမ်းရောင်အရင်းမပျောက် မတည်ငွေစီမံကိန်းသည် ကျေးရွာတစ်ရွာလျှင် တစ်ယူနစ် ငွေကျပ်သိန်း(၃၀ဝ)ကို ကျေးရွာအတွင်းရှိ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ရေလုပ်ငန်း၊ တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးလုပ်ငန်းစသည့် လုပ်ငန်းများ လုပ်ကိုင်ပြီး ဒေသခံပြည်သူများ အဆင်ပြေစေရန် ထုတ်ချေးပေးထားပြီးဖြစ်သည်။ ကျေးရွာရန်ပုံငွေ ကြီးကြပ်ရေးကော်မတီဝင်များက တာဝန်ယူချေးပေးခြင်းဖြစ်၍ ယင်းချေးငွေအတွက် ကျေးရွာမှ အများသဘောတူသတ်မှတ်သည့် သက်သာသော အတိုးငွေမှာ ငွေကျပ်(၁၀ဝ)လျှင် အတိုးငွေတစ်ကျပ်ဖြစ်ပြီး ရရှိလာသောအတိုးငွေကိုလည်း နိုင်ငံတော်က ပြန်ယူမည်မဟုတ်ဘဲ အတိုးငွေများလာလျှင် ယင်းငွေများဖြင့် ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ရန် မြစိမ်းရောင် ကျေးရွာစီမံကိန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြို းတိုးတက်ရေး ဦးစီးမှူး ဦးကျော်ဝင်းနိုင်က ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ နန်းတော်ရာကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းကိုနှင့် ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များက စီမံကိန်းချေးငွေရယူ၍ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှူ စစ်ဆေးခဲ့ကြသည်။
အဆိုပါ နန်းတော်ရာကျေးရွာတွင် ချေးငွေအောင်၍ လုပ်ငန်းဆောင်ရွက်နေသူ(၅၀)ဦးရှိသည့်အနက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆)ဦးတို့အတွက် ချေးငွေကျပ်(၃၇)သိန်း၊ မွေးမြူ ရေးလုပ်ကိုင်သူ(၃၇)ဦးအတွက် ငွေကျပ်(၃၄၈)သိန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၇)ဦးတို့အတွက် ငွေကျပ်(၅၉)သိန်း၊ စုစုပေါင်းချေးငွေကျပ် (၄၄၄)သိန်းတို့အား ထုတ်ချေးပေးထားကြောင်း မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။
မြင့်ဦး(မြိတ်)


