မြိတ် ၁၁ ဇွန်
အများပြည်သူ စားသောက်သုံးစွဲရန်မသင့်သည့် အစားအသောက်နှင့် အလှကုန်များ ရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ သီရိမင်္ဂလာဈေး(ပါရမီဈေး)အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှောင်တခင် စစ်ဆေးရာတွင် မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီမှ သက်တမ်းလွန် စားသောက်ကုန်များ၊ သုံးစွဲရန်မသင့်သည့် အလှကုန်များ၊ တရားမဝင် မှတ်ပုံတင်ထားခြင်း မရှိသည့် အစားအသောက်နှင့် အလှကုန်များ ရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ရာ Mercury ပါဝင်သည့် Collagen Plus အမှတ်တံဆိပ်ပါ မလေးရှားနိုင်ငံထုတ် အလှကုန်ပစ္စည်း(၃)ဗူးနှင့် တရုတ်စာတန်းပါ Mercury ပါဝင်နေသည့် အလှကုန်ပစ္စည်း (၆)ဗူးတို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဇော်မျိုးနိုင်(ပြန်/ဆက်)