မြိတ်  ၈ ဇွန်  

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် World Ocean Day အထိမ်းအမှတ်အဖြစ် ဇွန် ၈ ရက် နံနက်ပိ်ုင်းတွင် Trash Hero Myeik မှ ဦးဆောင်၍ စုပေါင်းအမှိုက်ကောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

စုပေါင်းအမှိုက်ကောက်ရာတွင် အထက(၂)ကျောင်းစုရပ်မှ အထက(၂)ကျောင်းဝင်း၊ ပါရမီဈေးပတ်ဝန်းကျင်၊ ဘုရားကိုင်လမ်းတလျှောက်၊ စက်ဝင်းရပ်ကွက်နှင့် မီးသွေးဖောင်းလမ်းတလျှောက် စုပေါင်းအမှိုက် ကောက်ဆောင်ရွက်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များ သိမ်းဆည်းပေးခဲ့သည်။

 

စုပေါင်းအမှိုက်ကောက်ခြင်းကို Trash Hero Myeik မှ ဦးဆောင်၍ မြိတ်တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူများ၊ ပရဟိတမောင်နှမများကွန်ရက်(မြိတ်)၊ ပရဟိတ ကျားဂေဟာ၊ မနောဖြူပရဟိတအဖွဲ့၊ ပရဟိတလူငယ်(မြိတ်)၊ Sky Max Travel & Tours နှင့် ခရီးသွားလုပ်ငန်းများ စုပေါင်း၍ အမှိုက်ကောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

gkr[pwvo