မိတ္ထီလာ ၉ ဇွန်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ကန်တောင်ကျေးရွာအုပ်စု ကန်တောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၁၉ ဇွန် ၉ရက် နံက် ၉နာရီ ၁၅မိနစ်အချိန်ခန့်က စာသင်ကျောင်း ဆောင်သစ်နှင့် ကွန်ပြူတာပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စာသင်ကျောင်းဆောင်သစ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်နှင့် စာသင်ကျောင်းဆောင်သစ် အလှူရှင် ဒေါ်နွဲ့နွဲ့စန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းမှ ဂုဏ်ပြုစကားပြောကြားခဲ့သည်။
ထို့နောက် စာသင်ကျောင်းဆောင်သစ်အလှူရှင် ဒေါ်နွဲ့နွဲ့စန်းမှ လှူဒါန်းရခြင်းအကြောင်း ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးချိုချိုထက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အလှူရှင်မိသားစု အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
ကန်တောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၈၀ ခန့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထီလာ ကိုငယ်လေး