မိတ္ထီလာ ၁၄ သြဂုတ်
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လူသုံးကုန် သင်တန်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရပါတယ်၊
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့် လူသုံးကုန် သင်တန်းဖြစ်သည့် ဆပ်ပြာလုပ်နည်းသင်တန်းကို COVID-19 Economic Relief Plan(CERP) အစီအစဉ်အရ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဖွင့်လှစ်သင်ကြားပေးရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးသာဝက ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ (၃၅)ဦး တက်ရောက်ပြီး သင်တန်းကို သြဂုတ်လ ၁၄ ရက်မှ ၁၉ ရက်ထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဘက်စုံသုံးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာနှင့် ရေချိုးဆပ်ပြာစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)