မိတ္ထီလာ   ၂၀    သြဂုတ်

           

မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လူသုံးကုန် (ဆပ်ပြာ) ပြုလုပ်နည်းသင်တန်း ဆင်းပွဲကို သြဂုတ် ၁၉ ရက် နံနက် ၁၀ နာရီက အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

                       

အဆိုပါသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ  ကျီးတော်ကုန်း၊ နန်းတော်ကုန်း၊ စျေးအရှေ့ပြင်၊ ပြည်သာယာ၊ ချည်စက်၊ အောင်ဇေယျာရပ်ကွက်များနှင့် ကုက္ကိုကုန်းကျေးရွာတို့မှ သင်တန်းသူ သင်တန်းသား (၃၅)ဦး တက်ရောက်ပြီး သင်တန်းကို သြဂုတ်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီ အချိန်အထိ ဘက်စုံသုံးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာနှင့် ရေချိုးဆပ်ပြာစသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားခဲ့ကြောင်း သိရသည်။ 

                                                                                               

သိန်းမြင့်ကျော်(မိတ္ထီလာ)