မိတ္ထီလာ ၂ ဇူလိုင်
မိတ္ထီလာမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၉)ကျောင်းတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကျောင်းဆောင်သစ်များ တည်ဆောက်ရာတွင် အ.ထ.က(၅)တွင် ပေ ၁၇၀ x ၃၀ ရှိ နှစ်ထပ်ဆောင်၊ အ.မ.က(ရှမ်းတဲ)တွင် ပေ ၈၀ x ၃၀ ရှိ တစ်ထပ်ဆောင်၊ အ.ထ.က(ညောင်ကိုင်း)နှင့် အ.မ.က (ကံကောင်း)တို့တွင် ပေ ၉၀ x ၃၀ ရှိ တစ်ထပ်ဆောင်၊ အ.မ.က(အောင်မင်္ဂလာ)တွင် ပေ ၈၀ x ၃၀ ရှိ တစ်ထပ်ဆောင်၊ အ.မ.က (ကံကြီး)တွင် ပေ ၆၀ x ၃၀ ရှိ တစ်ထပ်ဆောင်နှင့် အ.လ.က(ခွဲ)အုတ်ဖိုတွင် ပေ ၁၂၀ x ၃၀ ရှိ တစ်ထပ်ဆောင်တို့ကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အ.ထ.က(ခွဲ)(န)ကျောက်ဖူး၊ အ.မ.က (မယ်ဇလီကုန်း)၊ အ.လ.က ကုက္ကိုကုန်းတို့တွင် ပေ ၉၀ x ၃၀ ရှိ တစ်ထပ်ဆောင်နှင့် အ.ထ.က(ခွဲ)မွေ၊ အ.မ.က(အင်ပင်ဝ)တို့တွင် ပေ ၁၂၀ x ၃၀ ရှိ တစ်ထပ်ဆောင်၊ အ.လ.က (သီးပင်ကုန်း)တွင် ပေ ၁၂၀ x ၃၀ ရှိ တစ်ထပ်ဆောင်၊ အ.လ.က(ခွဲ)နဘဲကုန်းတွင် ပေ ၉၀ x ၃၀ ရှိ တစ်ထပ်ဆောင်၊ အ.လ.က (ဇရပ်ကုန်း)တွင် ပေ ၈၀ x ၃၀ ရှိတစ်ထပ်ဆောင်၊ အ.လ.က(ခွဲ)(လက်ပံအိုင့်)နှင့် အ.လ.က(သံဘို)တို့တွင် ပေ ၆၀ x ၃၀ ရှိ တစ်ထပ်ဆောင်၊ အ.လ.က(ပြည်သာယာ)တွင် ပေ ၁၇၀ x ၃၀ ရှိ နှစ်ထပ်ဆောင်နှင့် အ.မ.က (ဆပ်ခင်းပေါက်)တွင် ပေ ၆၀ ၃၀ ရှိ တစ်ထပ်ဆောင်တို့ကို တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်ထံမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်များ လိုအပ်ချက်မရှိစေရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် စာသင်ကျောင်းဆောင်များ ဆောင်လုပ်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာကျောင်း (၁၉)ကျောင်းမှ လိုအပ်သည့်ကျောင်းဆောင်သစ်များကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှာ တာဝန်ယူတည်ဆောက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(ခရိုင်ပြန်ဆက်)


