မိတ္ထီလာ        ဇွန်        ၁ဝ

 

မိတ္ထီလာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အထိ ကျောင်းသား ကျောင်းသူ ၂ဝ၅၅၆ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။

 

ဇွန် ၁ဝ ရက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် ကျောင်းသား ကျောင်းသူများမှာ အမက(၁၁၃) ရေဝေအုတ်ကျင်းမှ ၂၅၅ ဦး၊ အမက(၇၃) ဆည်ကုန်း(ရှေ့)၊ အမက(၈၄) ထနောင်းကန်၊ အမက(၁၄ဝ) ချုံစွန်းတို့မှ ၃ဝ၅ ဦး၊ မူလွန် ကျေးသာအိုင့်မှ ၃၃၅ ဦး၊ အမက(၂ဝ၉) ညောင်ပင်လှ၊ မုန်ပင်ဆည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ၁ဝ၂ ဦး၊ အထက(ရေချို)၊ အမက(၄၃) ရွာသာ၊ အမက(၁၆) သမင်ပျိုတို့မှ ၂၇၀၊ အထက(ခွဲ) သဖန်းပင်ရိုး၊ အထက(ခွဲ) ဒီးဒုတ်တောင်၊ အမက(၇၆) ဆပ်ပြာကျင်းတို့မှ ၃၃ဝ၊ အမက(၁၉၉) ကျောက်ပုံကန်၊ အမက(၁၂၃) အိုင့် တို့မှ ၁၇၅ ဦး၊ အမက(၄၁) ပိတောက်ပင်၊ အမက(ကန်ကြီး-၂)၊ အမက(၁၈၇) ကျိတ်ပုလဲ တို့မှ ၁၈၅ ဦး၊ အထက(ခွဲ)ဇရပ်ကုန်း၊ အလက(ခွဲ) လက်ပံအိုင့်၊ အမက(ဂွေးချိုရွာသစ်) တို့မှ ၂၇၅ ဦးတို့ကို သက်ဆိုင်ရာ ကျောင်းများ၌ ကာကွယ်ဆေးများ အသီးသီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

မိတ္ထီလာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၉ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်း ရှိပြီး ဇွန် ၂ ရက်မှ ၁၇ ရက်အတွင်း အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂ဝ၅၅၆ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)