မိတ္ထီလာ ၁၇ အောက်တိုဘာ
မိတ္ထီလာ၌ ၂၀၁၈ ပခုက္ကူဦးအုံးဖေ စာပေဆုပြိုင်ပွဲ ဝတ္ထုရှည်ပြိုင်ပွဲကဏ္ဍတွင် ဖော်မဲ့ဝေးလည်း လွမ်းမနေချင် ဝတ္ထုဖြင့် ဒုတိယဆုရရှိခဲ့သူ စာရေးဆရာတင်တော် အား ဂုဏ်ပြုပွဲကို အောက်တိုဘာ ၁၇ နံနက် ၉ နာရီက ခရိုင်ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမောင်မဲတူ ( စီမံကိန်း ) က ဂုဏ်ပြုပွဲ ကျင်းပရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။ ပခုက္ကူဦးအုံးဖေစာပေပြိုင်ပွဲတွင် ဝတ္ထုရှည် ဒုတိယဆု ရရှိခဲ့သူ စာရေးဆရာတင်တော် အား ဂုဏ်ပြုလက်ဆောင် ပေးများကို မြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် (ထီလာ) ဖိုးဘထိန်တို့က အပ်ချီးမြှင့်သည်။
ဆက်လက်၍ စာရေးဆရာတင်သော် နှင့် ( ထီလာ) ဖိုးဘထိန်တို့က ခရိုင်ပြန်/ဆက်ရုံး ခရိုင်ပြည်သူ့ စာကြည့်တိုက်အတွက် သုတရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ခရိုင်ဦးစီးမှူး ဒေါ်ခင်အိအိသန်း နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းရီ တို့က လက်ခံရယူသည်။
ဆက်လက်၍ ဆုရရှိသူ စာရေးဆရာတင်တော် အား မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ ဖြစ်ကြသည့် မောင်သာလင်း ၊ မောင်သိန်းဇော် နှင့် ထီလာ(ဖိုးဘထိန် )တို့က မုဒိတာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ )


