မိတ္ထီလာ ၁၇  အောက်တိုဘာ

 

မိတ္ထီလာ၌ ၂၀၁၈  ပခုက္ကူဦးအုံးဖေ စာပေဆုပြိုင်ပွဲ ဝတ္ထုရှည်ပြိုင်ပွဲကဏ္ဍတွင် ဖော်မဲ့ဝေးလည်း လွမ်းမနေချင် ဝတ္ထုဖြင့် ဒုတိယဆုရရှိခဲ့သူ စာရေးဆရာတင်တော် အား ဂုဏ်ပြုပွဲကို အောက်တိုဘာ ၁၇ နံနက် ၉ နာရီက ခရိုင်ပြန်/ဆက်ဦးစီးဌာန   လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမောင်မဲတူ ( စီမံကိန်း ) က ဂုဏ်ပြုပွဲ ကျင်းပရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။ ပခုက္ကူဦးအုံးဖေစာပေပြိုင်ပွဲတွင်  ဝတ္ထုရှည် ဒုတိယဆု ရရှိခဲ့သူ     စာရေးဆရာတင်တော် အား ဂုဏ်ပြုလက်ဆောင် ပေးများကို မြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် (ထီလာ) ဖိုးဘထိန်တို့က အပ်ချီးမြှင့်သည်။

 

ဆက်လက်၍ စာရေးဆရာတင်သော် နှင့်      ( ထီလာ)       ဖိုးဘထိန်တို့က ခရိုင်ပြန်/ဆက်ရုံး     ခရိုင်ပြည်သူ့ စာကြည့်တိုက်အတွက် သုတရသစာအုပ်များ ပေးအပ်လှူဒါန်းရာ ခရိုင်ဦးစီးမှူး ဒေါ်ခင်အိအိသန်း နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းရီ တို့က လက်ခံရယူသည်။

 

ဆက်လက်၍ ဆုရရှိသူ စာရေးဆရာတင်တော် အား မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ ဖြစ်ကြသည့် မောင်သာလင်း ၊ မောင်သိန်းဇော် နှင့် ထီလာ(ဖိုးဘထိန် )တို့က    မုဒိတာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ )