ဂန့်ဂေါ   ၂၃  မေ

 

မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၂ ရက်က ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် တက်ရောက်လာကြသူများက မြို့နယ်အလိုက် မြို့၊ ရပ်ကွက်/ ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းဆိုင်ရာ ဆောင်ရွက်မည့်လုပ်ငန်းများကို တင်ပြကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ 

 

အစည်းအဝေးသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။  

 

စိန်ကျော်

 

GGW G