ချောင်းဆုံ ဩဂုတ် ၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဩဂုတ် ၁၇ ရက် နံနက် ၂ နာရီခန့်က မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ကလော့တောင်စောင်းမြေနံရံ ပြိုကျမှုဖြစ်ပွားပြီး အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ်လေးလုံးပေါ်သို့ ပြိုကျခဲ့ကြောင်း သိရသည်။
မြေပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု လေးစုမှ မိသားစုဝင်များမှာ ဆွေမျိုးနေအိမ်များသို့ ယာယီပြောင်းရွှေ့ နေထိုင်ရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးပြီး မြေပြိုကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)
