လှိုင်းဘွဲ  ၂၃   ဩဂုတ်


စာဖတ်သူထံသို့စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက် မိုဘိုင်းစနစ်ဖြင့် ယမန်နေ့က ပြုလုပ်ဆောင်ရွက်ခဲ့သည်။


ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်းဘွဲမြို့ပေါ် (ဃ)ရပ်ကွက်သို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး စာအုပ်အသစ်များ ထပ်မံငှားရမ်းပေးခဲ့သည်။ ယခုကဲ့သို့ ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှု ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။


ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို လှိုင်းဘဲမြို့နယ် ပြန်/ ဆက် ဝန်ထမ်းများမှ အပတ်စဉ် ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရက်ကွက်များသို့ အလှည့်ကျ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။


MDN

 

IMG-fc41