လှိုင်းဘွဲ   ၃   စက်တင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Covid – 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးစိုက်ခင်း ဧရိယာများတွင် ပိုးမွှားများ ကျရောက်မှုမရှိစေရေးအတွက် ယမန်နေ့က သမ္ဘာန်ကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

Covid – 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် စိုက်ပျိုးရေးဦးစီးဌာန  ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးရဲကိုကိုနိုင်နှင့် ဒုတိယဦးစီးမှူး ဦးစောမြင့်၊ မြို့နယ်ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်း များက သမ္ဘာန် ကျေးရွာ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းအတွင်း ပိုးမွှားများကျရောက်မှုရှိ/မရှိ ကင်းထောက်စစ်ဆေးများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)