ယင်းမာပင်  ၃ ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီမံကိန်း(ADSP Project) အစီအစဉ်ဖြင့် လည်ငေါက်ကျေးရွာရှိ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီခွဲက နည်းပညာပြန့်ပွားရေးစင်တာ (KC)စခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်တို့မှ အမှာစကားပြောကြားပြီး လည်ငေါက်ကျေးရွာ နည်းပညာပြန့်ပွားရေး စင်တာ(KC)စခန်း တာဝန်ခံ ဦးမျိုးဆွေမှ တောင်သူများအား နည်းပညာပြန်ပွားရေးစင်တာကနေ လယ်ယာ စိုက်ပျိုးရေးနည်းပညာများကို ပညာပေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံနှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပြီး နည်းပညာပြန့်ပွားရေးစင်တာ(KC)စခန်းတွင် တောင်သူပညာပေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)