သံတောင်ကြီး  ၂၇  ဇူလိုင် 


ကရင်ပြည်နယ်  သံတောင်ကြီးမြို့တွင်  မိုးဆက်လက်သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သံတောင်ကြီးမှတောင်ငူသို့ ဆက်သွယ်ထားသော ကားလမ်း  မိုင်တိုင်အမှတ်(၂၇)မိုင်(၄)ဖာလုံတွင် မြေပြိုမှုဖြစ်ပွားကာ လမ်းပိတ်ဆို့မှု ဖြစ်သွားသည်။

 

5


အဆိုပါပိတ်ဆို့နေသော မြေသားနှင့် သစ်ပင်များအား ယနေ့နံနက်တွင် ရဲမှူးအောင်ဝင်းစိန် သံတောင်ကြီးမြို့မရဲစခန်းမှူး ကြည်ခိုင်ကျော် ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့များ မီးသတ်ဦးစီးမှူး စောဒါနီလဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ နှင့် တပ်မတော်သားများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး နေလင်းအောင်နှင့် ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမန်းမေတ္တာနှင့် တာဝန်ရှိသူများ သွားရောက်ကာ ပိတ်ဆို့နေသောလမ်းအား မော်တော်ယာဉ်များအချိန်မီ သွားလာနိုင်ရေးအတွက် မြေသားများကို ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN

 

6