မုံရွာ ၂၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၈)မြို့နယ်၌ မိုးရာသီတွင်စိုက်ပျိုးမည့် မိုးစပါး(၆၁၀)ဧကအတွင်း ငါးသားပေါက်ကောင်ရေ (၃.ဝ၅)သိန်းကို စိုက်ထည့်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ စပါးနဲ့ငါးတွဲဖက်မွေးမြူတဲ့စနစ်ကို မြို့နယ်(၈)မြို့နယ်မှာ အခုနှစ်မိုးစပါး စိုက်ရာသီမှာထည့်ပေးဖို့ စီစဉ်နေတယ်၊ စိုက်ထည့်ပေးမယ့် ငါးသားပေါက်တွေကို တိုင်းဒေသကြီးအတွင်းက ရေဦး၊ ရွှေဘို၊ အင်းကြင်းကုန်း ငါးသားဖောက်စခန်းတွေကနေ ထုတ်လုပ်ပြီး စိုက်ထည့်ပေးသွားမှာပါ၊”ဟု စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
၂၀၁၈-၂၀၁၉ မိုးစပါးစိုက်ရာသီတွင် တိုင်းဒေသကြီးအတွင်းရှိ ကောလင်းမြို့နယ်ရှိ မိုးစပါး (၆၅)ဧက အတွင်းသို့ ငါးသားပေါက် (ဝ.၃၂၅)သိန်းအားလည်းကောင်း၊ ထီးချိုင့်မြိုနယ်ရှိ မိုးစပါး (၆၀)ဧကအတွင်းသို့ ငါးသား ပေါက်ကောင်ရေ (ဝ.၃၀ဝ)သိန်းအားလည်းကောင်း၊ ရေဦးမြို့နယ်ရှိ မိုးစပါး (၁၂၀)ဧကအတွင်းသို့ ငါးသားပေါက် ကောင်ရေ (ဝ.၆၀ဝ)သိန်းအားလည်းကောင်း၊ တန့်ဆည်မြို့နယ်ရှိ မိုးစပါး (၁၀)ဧကအတွင်းသို့ ငါးသားပေါက် ကောင်ရေ (ဝ.ဝ၅၀)သိန်းအားလည်ကောင်း၊ ဒီပဲယင်းမြို့နယ်ရှိ မိုးစပါး (၅၀)ဧကအတွင်းသို့ ငါးသားပေါက် ကောင်ရေ (ဝ.၂၅၀)သိန်းအားလည်းကောင်း၊ ဝက်လက်မြို့နယ်ရှိ မိုးစပါး (၆၀)ဧကအတွင်းသို့ ငါးသားပေါက် ကောင်ရေ (ဝ.၃၀ဝ)သိန်းအားလည်းကောင်း၊ ခင်ဦးမြို့နယ်ရှိ မိုးစပါး (၆၅)ဧကအတွင်းသို့ ငါးသားပေါက်ကောင်ရေ (ဝ.၃၂၅)သိန်းအားလည်းကောင်း၊ ရွှေဘိုမြို့နယ်ရှိ မိုးစပါး (၁၈၀)ဧကအတွင်းသို့ ငါးသားပေါက်ကောင်ရေ (ဝ.၉၀ဝ)သိန်းအားလည်းကောင်း စက်တင်ဘာလအတွင်း စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)