ဒီပဲယင်း  ၄  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင် ပါဝင်သော ကင်းတပ်လက်ယာတူးမြောင်း ကာဘိုးရေလွှဲဆည် ရေဦးတူးမြောင်း ရွှေဘိုတူးမြောင်းဧရိယာများတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီ မိုးစပါးလျာထားဧက လေးသိန်းနှစ်သောင်းလျာထားခဲ့ပြီး ဆည်ရေဖြင့် လေးသိန်းလေးသောင်းကျော် စိုက်ပျိုးခဲ့ရာ  လျာထားဧကထက် ပိုမိုပြီး အောင်ရေရသည်အထိ ဆည်ရေပေးဝေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်မိုးရာသီတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးခေါင်ပြီး မိုးရွာသွန်းမှုနည်းပါးသဖြင့် မူးမြစ်အနောက်ဘက်ခြမ်းရှိ ရွှေဘိုခရိုင် ရေဦးမြို့နယ် ဒီပဲယင်းမြို့နယ် တန်ဆည်မြို့နယ်များတွင် မိုးစပါး စိုက်ပျိုးထားသော လယ်မြေဧရိယာများ အောင်ရေပြည့်မီစွာ ရရှိရေးနှင့် မြောင်းဖျားပိုင်းထိ စိုက်ပျိုးရေ လုံလောက်စွာ ရောက်ရှိရေးအတွက် ရေအလေအလွင့်မရှိအောင် အလှည့်ကျစနစ်ဖြင့် ရေပေးသည့်အပြင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက  ဦးဆောင်ပြီး ဒေသခံတောင်သူများ (WUG) အဖွဲ့များနှင့် ပူးပေါင်းကာ ဆည်ရေပေးဝေလျက်ရှိကြောင်း သိရသည်။

သိန်းထွန်း(ဒီပဲယင်း)