ချောင်းဆုံ စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စပါးသီးနှံစိုက်ပျိုးမှုနှင့် မိုးစပါးစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်သည့် တောင်သူများ အဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဒုတိယအကြိမ်အဖြစ် တောင်သူ (၅၃၅)ဦးအား ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးထားရှိမှုမှာ ဩဂုတ်လကုန်အထိ (၆၅၂၄၂)ဧက စိုက်ပျိုးထားပြီး စိုက်ပျိုးပြီးစီးသည့် စပါးသီးနှံများ အထွက်နှုန်း ပိုမိုကောင်းမွန်စေရန်အတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာကို ကျေးရွာ(၂၈)ရွာမှ တောင်သူ (၅၃၅)ဦးအတွက် ဓာတ်မြေဩဇာ (၆၂၇)အိတ်ကို တစ်အိတ်လျှင် (၃၃၄၀၀)ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(ချောင်းဆုံ)