မိုးနဲ ၇ ဇူလိုင်        

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စုအတွင်း ၂၀၁၉ ခုနှစ် မိုးစပါး(လယ်) စံပြစိုက်ခင်း ဧက ၃၀ဝ ကို စတင်စိုက်ပျိုးလျက်ရှိရာ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစမြင့်သိန်းနှင့် တာဝန်ရှိဝန်သူများက ယနေ့နံနက်ပိုင်းတွင် နယ်မြေကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

2416

 

ယင်းသို့ ကြည့်ရှုရာတွင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးငိုပွယ်က လယ်စပါးစံပြစိုက်ကွက်များ စတင်စိုက်ပျိုးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် အစေ့ထုတ်ပြောင်း စိုက်ခင်းများသို့ သွားရောက်၍ စိုက်ခင်းများအတွင်း ဖော ငမြှောင်တောင်ဖျက်ပိုး ကျရောက်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)