နေပြည်တော် ၁၄ စက်တင်ဘာ
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)ဖြင့် တစ်နိုင်ငံလုံး၌ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း ဧကတစ်သိန်းစိုက်ပျိုးခဲ့ပြီး အဆိုပါစိုက်ကွင်းများ၌ မျိုးစေ့ထုတ်လုပ်ငန်း စဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက အနီးကပ်ကြပ် မတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ညောင်ပင်သာအုပ်စု ရွှေဒါးကျကျေးရွာ တောင်သူ ဦးကြည်ခိုင်၏ ဆင်းသုခ (RS to Cs) မျိုးစေ့ထုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။
နည်းပညာပေးကွင်းဆင်းရာတွင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ ဆူးလေကုန်း ကွင်းကြီးကြပ်တာဝန်ခံ ဦးကျော်သူရထွန်းနှင့် ညောင်ပင်သာအုပ်စု၊ ချောင်းမနားအုပ်စု ကွင်းကြီးကြပ်တာဝန်ခံ ဦးအောင်ကျော်သူတို့က ရွှေဒါးကျကျေးရွာ ဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်းများတွင် ဓာတ်မြေသြဇာ အချိန်ကိုက် အချိုးကျသုံးစွဲရန်၊ မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါ ကင်း ထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ချက်များကို တောင်သူများအား နည်းပညာ ပေးပြောကြားသည်။
အလားတူ သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေးပြုလုပ် သုံးစွဲနည်းများ၊ သဘာဝမြေသြ ဇာပြုလုပ်သုံးစွဲနည်းများ နှင့် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများကို ဆွေးနွေးပြောကြားသည်။
တောင်သူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာအကူအညီများ လိုအပ်ပါက ဆက်သွယ်ရန် ဖုန်းနံပတ်များနှင့် စိုက်ပျိုးရေး call center ဖုန်းနံပတ်များ၊ အွန်လိုင်းလိပ်စာများကို ပေးအပ်ခဲ့ကြကြောင်း သိသည်။
ညီညီသန်း(နေပြည်တော်)


