မိုးကောင်း        ဇွန်       ၁၄

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ရင်းချောင်းရေ အမှတ်(၆၀၂)စင်တီမီတာနှင့် နန့်ကောင်းချောင်းရေအမှတ်(၅၇၄)စင်တီမီတာသို့ ရောက်ရှိနေကြောင်း မြို့နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇွန် ၁၄ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ သိရသည်။

 

မိုးကောင်းချောင်းရေ၏ စိုးရိမ်ရေအမှတ်မှာ (၆၀၀)စင်တီမီတာဖြစ်ပြီး ဇွန် ၁၃ ရက် ညနေ (၆)နာရီ တိုင်းထွာချက် (၅၈၂)စင်တီမီတာမှ စင်တီမီတာ(၂၀)တိုးလာပြီး ရေပြင်အနည်းငယ်တက်လာကြောင်း သိရသည်။

 

အဆိုပါ ရေပြင်တိုးလာမှုကြောင့် ချောင်းနှင့်ထိစပ်သည့် မြေနိမ့်ပိုင်းအချို့နေရာများတွင် ရေအနည်းငယ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)