မိုးကောင်းမြို့အနီး အင်အား ၃.၃ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၁၁ အောက်တိုဘာ

 

ယနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၆ မိနစ်၊ ၁၈ စက္ကန့်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၂၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးကောင်းမြို့၏ အရှေ့မြောက်ဘက် (၉)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၅.၃၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.ဝ၇)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN