မိုးကောင်း  ၂၂  စက်တင်ဘာ

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းရှိ စုပေါင်းရုံးရှေ့တွင် ပြုလုပ်သည်။

 

ကိုဗစ်ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ငါးမွေးတောင်သူများ၏အခန်းကဏ္ဍ ပြန်လည် ဦးမော့လာစေရန်ရည်ရွယ်၍ ငါးမွေးတောင်သူများအား နိုင်ငံတော်မှ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မိုးကောင်းမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ ၂၂ ဦး ၏ ၁၃၄ ဒသမ ၇၀၂ ဧက အတွက် ငါးမြစ်ချင်းနှင့် ထိုင်းငါးခုံးမကြီး အကောင်ရေ ၂၆၉၄၀၉ အား မိုးညှင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလေးနိုင်နှင့် မိုးကောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းတို့ကပေးအပ်ရာ ငါးမွေးတောင်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

mdn