မိုးကောင်း    ဇူလိုင် ၉

ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ပွဲကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းတပ်နယ်၌ ကျင်းပရာ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မိုးကောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးခွန်အောင်သွင်နှင့် မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က အမှာစကားများ ပြောကြားကြပြီး
ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိုးကောင်းတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ဝန်ခံကတိလက်မှတ် ရေးထိုး၍ မိဘများထံသ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)