လှည်းကူး ၁၁ မေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒါးပိန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် မြို့ကုန်းကျေးရွာနှင့် တိုင်ကွမ်းကျေးရွာတို့တွင် နွေရာသီကာလ ရာသီဥတု ပူပြင်းသည့်အတွက် ရေပြတ်လပ်နေသဖြင့် မေ ၁၁ ရက် နံနက်ပိုင်းက ကျေးရွာနေပြည်သူများထံ သန့်ရှင်းသော သောက်သုံးရေများကို သွားရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

 

mdn

 

ထိုသို့ သွားရောက်လှူဒါန်းရာတွင် လှည်းကူးမြို့နယ် ဒါးပိန်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကိုလတ်နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းလှိုင်ဦးတို့ ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မိသားစုများက  ကျေးရွာ (၂) ရွာပေါင်း အိမ်ခြေ (၂၇၀) အိမ်အတွက် လီတာ(၂၀)ဆံ့ သောက်ရေဘူးကြီး (၃၀ဝ) ဘူးအား သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)