မန္တလေး  ၅  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ကျောက်ဝါ ကျေးရွာရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတွင် နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲ ညပိုင်းက မိုးများရွာ သွန်းထားခဲ့သဖြင့် မြေသားပျော့ကာ တောင်ကမ်းပါးနံရံ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျောက်မျက်ရှာဖွေသူ  အမျိုးသား ၂ ဦး ပိမိနေခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် မိုးကုတ်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းဝင်များနှင့် ပူးပေါင်းရှာဖွေ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။     

မောင်ပြည်သူ(မန္တလေး)