မိုးကုတ် ၁၅ စက်တင်ဘာ
မိုးကုတ်မြို့နယ် အနောက်ပိုင်း(ကျပ်ပြင်)တွင် ပြည်သူများ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နှာခေါင်းစည်းတပ်ဆင်သွားလာမှု ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီခန့်က ရှောင်တခင်စစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ ရေားဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြည်သူတိုင်း နှာခေါင်းစည်း တပ်ဆင်အသုံးပြရန် ညွှန်ကြားထားရှိပြီးဖြစ်ရာ အဆိုပါညွှန်ကြားချက်အား မြို့နေပြည်သူများလိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးပြီး လိုက်နာမှုမရှိသူများအား သတ်မှတ်ဒဏ်ကြေးအဖြစ် နှာခေါင်းစည်း၀ယ်ယူတပ်ဆင်စေခြင်းကို ပြုလုပ်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ခြင်းကို စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဟိန်း ခေါင်းဆောင်သည့် စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းမင်းနိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်း၊ မြိုနယ်မီးသတ်တပ်ဖွဲ့ ဒု-မီးသတ်ဦဂစီးမှူး ဦးနန္ဒထွန်းနိုင်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့၀င် ဦဂအောင်ကျော်မင်းတို့ ပါ၀င်သည့် မြို့နယ်စစ်ဆေးရေးအဖွဲ့များသည် ကျပ်ပြင်အုပ်စု အောင်သစ်လွင်ထာပွဲနှင့် ညောင်ပင်ကြီးထာပွဲနေရာများတွင် စစ်ဆေးရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများသို့လည်း ရှောင်တခင် ၀င်ရောက်စစ်ဆေးကာ အရေးယူခြင်းများ ဆက်တိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)


